ရွှေကျင် မတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မြို့နယ်ခန်းမတွင် ရွှေကျင်မူလတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲအခမ်းနားကို ယနေ့နံနက် (၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စုစုရီက အဖွင့်အမှာစကားပြောကြားပြီး မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အက၊ အလှများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။
ဆက်လက်ပြီး ရွှေကျင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးတို့အား ကျောင်းဆင်းလက်မှတ်များကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မဒီဇော်၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဝင်းပပ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စုစုရီ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစုနှင်းမှုံနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စုစုရီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် မူလတန်းကြိုကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)