သာယာဝတီမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

သာယာဝတီ မတ် ၂၆

(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို မတ် ၂၆ ရက် နံနက် ၉ နာရီက သာယာဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းစုစုပေါင်း အင်အား(၅၀)ခန့်က (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ခရိုင်ပြည်သူ့ဆေးကြီးရုံ၌ စုပေါင်းသွေးလှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါသွေးလှူဒါန်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုတို့က လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသူများအား အာဟာရပြည့်အချိုရည်၊ အားဆေးများ၊ ကြက်ဥများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)