မိုးညှင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ (ဒုတိယ)နေ့ ဆက်လက်ဖြေဆိုလျက်ရှိ

မိုးညှင်း မတ် ၃၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် စာသင်သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ၏ ၂၀၂၆ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲဒုတိယနေ့ကို ယနေ့မွန်းတည့်(၁၂)နာရီကဥတ္တရာ ရာမကျောင်းတိုက်၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိ ပထမပြန်စာမေးပွဲဖြေဆိုရာတွင် မြို့နယ်သံဃာနာယကဆရာတော်ကြီးနှင့် ဩဝါဒါစရိယဆရာတော်ကြီးများက ကြီးကြပ်၍ စာဖြေသံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ စာရင်းသွင်း(၂၂၁)ပါး/ဦး၊ ရှိသည့်အနက် ဖြေဆိုသူ (၁၉၆)ပါး/ဦး၊ ပျက်ကွက် (၂၅)ပါးရှိပြီး ပထမကြီးတန်းတွင် စာဖြေသံဃာနှင့် သီလရှင် (၁၄)ပါး၊ ပထမလတ်တန်းတွင် စာဖြေသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်(၂၆)ပါး/ဦး၊ ပထမငယ်တန်းတွင် သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၄၆)ပါး/ဦး၊ အခြေပြုမူလတန်းတွင် စာဖြေသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် (၁၁၀)ပါး/ဦး စုစုပေါင်း (၁၉၆) ပါး/ဦးတို့ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၎င်းကျောင်းတိုက်သို့ ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာများ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက စာဖြေသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စာမေးပွဲဖြေဆိုနေစဉ်အတွင်း အလှူရှင်းများမှ အချိုရည်များဖြင့် လာရောက် ဆက်ကပ်လှူဒါန်းကြလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း