ဖားကန့်မြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ဖားကန့် မတ် ၃၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၉)ရက် နေ့လည်(၁၂)နာရီမှစတင်၍ ဖားကန့်မြို့‌မော်ဝမ်းရပ်ကွက်ရှိ ကျောက်စိမ်းတွင်း သာသနာ့ဗိမာန်‌တော်ကြီး၌ ကျင်းပခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲသို့ ရဟန်း(၇)ပါး၊ သာမဏေ(၇၄)ပါးနှင့် သီလရှင်(၂၉)ပါး စုစု‌ပေါင်း ဖြေဆိုသူ(၁၁၀)ပါး၊ ပျက်ကွက်(၃၂)ပါးဖြစ်ပြီး စာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းတို့ကို မတ်လ(၂၉)ရက်မှဧပြီလ(၄)ရက်အထိ ဖြေဆိုကြမည်ဖြစ် ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်ပရာတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကဝိသာရနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးလှမြင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတို့က စာမေးပွဲဖြေဆိုကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအဆင်ပြေချောမွေ့စွာ စာဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်စောင့်ရှောက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဉက္ကဋ္ဌက စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အလှူ‌ ရှင်များက လှူဒါန်းသည့်အလှူ‌ငွေစုစု ပေါင်း(၄၃)သိန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)