မြင်းခြံ မတ် ၃၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ(လူထုအခြေပြုဗဟိုဌာန)၌ (Book Club) စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာ မောင်ရေချမ်း၏ “လောဘကြီးသူ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဦးစီးအရာရှိ ဦးထိန်လင်းက စတင်ဆွေးနွေးရာ Book Club အဖွဲ့ဝင် ကျောင်းသား/ ကျောင်းသူများက ဆွေးနွေးခဲ့ကြသည်။
မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းများ၊ သင်တန်းများ၊ အသိပညာပေး လုပ်ငန်းများအပြင် ပြည်သူများဝင်ရောက်နိုင်သည့် နေရာဖြစ်အောင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)