မိုးကောင်း မတ် ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မဟာတိလောကရာမကျောင်းတိုက် လေးထပ်ကျောင်းဆောင်၌ မတ်လ(၃၀)ရက်နေ့ မွန်းတည့်(၁၂)နာရီမှ ညနေ(၃)နာရီထိ ဒုတိယနေ့ ဖြေဆိုကြောင်း သိရသည်။
အဆိုပါစာမေးပွဲတွင် စာရင်းရှိ ရဟန်း(၂၁)ပါး၊ သာမဏေ(၄၆)ပါး၊ သီလရှင်(၈၈)ပါးနှင့်လူ(၂)ဦး စုစုပေါင်း (၁၅၇)ပါးအနက် ဖြေဆိုသူရဟန်း(၁၈)ပါး၊ သာမဏေ(၄၄)ပါး၊ သီလရှင်(၇၆)ပါး စုစုပေါင်း(၁၃၈)ပါးမှ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်း ကစ္စည်းသဒ္ဒါကြီးဘာသာရပ်ကို ဖြေဆိုကြောင်း သိရသည်။
စာမေးပွဲကာလမှာ မတ်လ(၂၉)ရက်မှဧပြီ(၄)ရက်ထိဖြစ်ပြီး အဆိုပါစာမေးပွဲကာလအတွင်း စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာတော်များအား အာရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဖျော်ရည်များ ဆက်ကပ်နိုင်ရေး မြို့နယ်စာမေးပွဲကြီးကြပ်ရေးကော်မတီများက လုပ်ငန်းတာဝန်များ စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)