တာချီလိတ် ဧပြီ ၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် အိမ်တိုင်ရာရောက် Biometric Data ကောက်ယူ၍ UID (Unique Identity) ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်၊ မြတ်လေးလမ်းရှိ အမှတ်(၁/၈၅) ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆန်ဆိုင်း (ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းလုံနှင့် ရပ်/ကျေးစာရေးများက အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ ပိုလီယိုဝေဒနာခံစားနေရသည့် အမွှာညီအစ်မနှစ်ဦးအား အိမ်တိုင်ရာရောက်ကွင်းဆင်း၍ Biometric data ကောက်ယူပြီး One Stop Sevrice စနစ်ဖြင့် UID ကတ်ပြုလုပ်ပေးခြင်းကို နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)