သနပ်ပင်မြို့နယ်တွင် ကိုဗစ်သံသယလူနာ(၉၆)ဦးSwab နမူနာစစ်ဆေးရာ ပိုးတွေ့လူနာ (၆)ဦး ထပ်မံတွေ့ရှိ

သနပ်ပင်၊  ဇန်နဝါရီ ၁၅

ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်  ‌Quarantine(၄)ခုရှိ ကိုဗစ်သံသယ လူနာ(၉၆)အား Swab နမူနာများယူ၍ရန်ကုန် ဓါတ်ခွဲ ဌာနသို့ ပေးပို့ခဲ့ရာ ကိုဗစ်ပိုးတွေ့လူနာ (၆)ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း ဇန်နဝါရီ ၁၅ရက်နေ့က သနပ်ပင်မြို့နယ် ကိုဗစ် ၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတာဝန်ရှိသူတို့ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ (၉၆)အနက် အချုပ်သား(၃)ဦး၊ ပုသိမ်မြို့က ပြန်လည်ရောက်ရှိလာသော စက်ကုန်းပိုင်းမှ(၁)ဦး၊ ညောင်တုန်းမြို့မှ ပြန်လည်ရောက်ရှိလာသော ထပ်ခနိမ်ကျေးရွာမှ (၁)ဦး၊ ပိုးတွေ့လူနာနှင့်ထိစပ်သူ သူဌေးကုန်းကျေးရွာမှ(၁)ဦး၊ စုစုပေါင်း (၆)ဦး ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့ သည်။ ၎င်းအတည်ပြု ပိုးတွေ့လူနာ(၆)ဦးအနက် အချုပ်သား(၃)ဦးအား ပဲခူးမြို့ ကလိကုသရေး စင်တာ၌ထားရှိပြီး ကျန်ပိုးတွေ့လူနာ(၃)ဦးကို မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်နှင့် အထက (သနပ်ပင်)ယာယီကုသရေးစင်တာများ၌ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

သနပ်ပင်မြို့နယ်တွင် ယာယီကုသရေးစင်တာ(၁)ခုနှင့်  အထက(သနပ်ပင်) စောင့်ကြည့် ရေးစခန်း၊ မိုးလုံလေလုံ စောင့်ကြည့်ရေးစခန်း၊ မင်းရွာစောင့်ကြည့်ရေးစခန်း၊ ကမာစဲစောင့်ကြည့် ရေးစခန်း စုစုပေါင်း စောင့်ကြည့်ရေးစခန်း(၄)ခုတို့တွင် Quarantine ထားရှိဦးရေမှာ(၂၉၁)ဦး၊ ရှိပြီး လက်ရှိအချိန်ထိ သနပ်ပင်မြိူ့နယ်တွင်  ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ  (၁၇၉)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

လှမိုး(သနပ်ပင်)