လက်ပံတန်း ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ လက်ပံတန်းမြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီနှင့် အားကစားကလပ်များအား သင်တန်းနှင့် သရုပ်ပြပွဲသုံးပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေး နှင့် ပြိုင်ပွဲသုံးအားကစား ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၂)နာရီက မြို့နယ်အားကစား ခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်က အမှာစကား ပြောကြား ခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကြိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးအောင်၊ သာယာဝတီ ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သူဇာအောင်နှင့် လက်ပံတန်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဦးဝင်းထွန်းဦး တို့က အားကစား ဆပ်ကော်မတီများ ဖြစ်သော ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်၊ ဘောလီဘော၊ ရိုးရာခြင်း၊ ဘတ်စကက်ဘောနှင့် အားကစားကလပ်များ ဖြစ်သော ကရာတေး၊ ကြက်တောင်၊ တင်းနစ်အဖွဲ့များထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် လက်ပံတန်းမြို့နယ် တိုက်ဂါးကရာတေးကလပ်မှ ဦးဝင်းမြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်