ဆီဆိုင် ဇန်နဝါရီ ၁၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုး ရေး ပြည်ထောင်စုရန်ပုံငွေကျပ်(၁၉၀.၈၃၄)သန်းဖြင့် တင်ဒါအောင်မြင် သည့် တောင်နှင်းဝေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် သည့် ကောင်းမူဗွာ-လိုက်ဟန်နား-လိုက်ပေး ကျေးရွာချင်းဆက်လမ်း (၄/၀)မိုင်အနက် (၁/၄)မိုင် ကျောက်ခင်းခြင်းနှင့် တစ်ဖက်လျှင်(၄)ပေစီ အမာခံလမ်းပုခုံးခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် တာဝန်ရှိသူများ က မြေပြင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းပြီးစီးပါက ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၄)ရွာမှ အိမ်ခြေ(၂၅၈)၊ လူဦးရေ(၁၃၀၀)ဦးခန့် ၏ စီးပွားရေး၊ ပညာရေး၊ လူမူရေး၊ ကျန်းမာရေးကဏ္ဍများ ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး မိမိဒေသထွက် ကုန်များအား ဈေးကွက်သို့ အချိန်တိုအတွင်း အလွယ်တကူ တင်ပို့ရောင်းချနိုင်ပြီး ဝင်ငွေမြင့်မားလာကာ လူမူစီးပွားဘဝ များတိုးတက်လာမည်ဖြစ်သည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုသည်လည်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင်း အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)