ဒေးဒရဲမြို့၌ စေတနာ့ဝန်ထမ်း၊ လူထုကျန်းမာရေးလုပ်သားနှင့် အရန်သားဖွား(အကျဥ်းချုံး) သင်တန်းဖွင့်လှစ်

ဒေးဒရဲ မေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် လက်တွဲပူးပေါင်းကူညီဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများအား ပြောင်းလဲလာသည့် ကျန်းမာရေးအသိအမြင်များအား စနစ်တကျ သိရှိနာလည်နိုင်စေရေး ရည်ရွယ်၍ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးလုပ်သားနှင့် အရန်သားဖွား (အကျဥ်းချုံး) သင်တန်းဖွင့်ပွဲအား မေ ၄ ရက်နေ့နံနက် () နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးမျိုးဇော်ဦးနှင့် ဦးချစ်မင်းနိုင်တို့က  ကျေးလက်ဒေသနေပြည်သူများ အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စဥ်ဆက်မပြတ်ရရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများအား သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်က လူထုကျန်းမာရေးလုပ်သားနှင့် အရန်သားဖွားဆရာမများသည် မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းခြင်းနှင့် သတင်းပေးခြင်း၊ ကျန်းမာရေးအသိပညာနှင့် ရောဂါကာကွယ်နည်းများအား အသိပညာပေးခြင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုနှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် ပဏာမကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ဝန်ထမ်းကောင်းများဖြစ်ပြီး ယခုသင်တန်းက ပို့ချပေးမည့် ကျန်းမာရေးအသိအမြင်များအား စနစ်တကျလေ့လာသင်ကြား၍ မိမိဒေသတွင် လက်တွေ့အသုံးချစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက သင်တန်းသား၊ သင်တန်းသူများလိုက်နာရမည့် စည့်ကမ်းချက်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းမြင့်က သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများက လူထုကျန်းမာရေးလုပ်သား (၁၇)ဦးနှင့် အရန်သားဖွား (၂၅) ဦးအား (၂၀၂၆) ခုနှစ်၊ မေလ () ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျန်းမာရေးဆိုင်ရာများအား စာတွေ့နှင့် လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းကို သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း