ကြံခင်းမြို့၌ အစိုးရရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ကြံခင်း မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အစိုးရရက် (၁၀၀) စီမံချက်ဖြင့် မေ ၄ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးလျက်ရှိရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဝန်ထမ်းအများက အသက် ၁၈ နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်အသစ်ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးနှင့် မိတ္တူ(လဲလှယ်)ဆောင်ရွက်ပေးခြင်း၊ UID အချက်အလက်ကောက်ယူ ရိုက်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးစိုးပိုင်၊  ဦးသိန်းလွင်၊ ဦးပြည့်ဖြိုးအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ခရိုင်ဦးစီးမှူး  ဒေါ်သန္တာဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ လိုအပ်သည်များအား လမ်းညွှန်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)