ကြံခင်း မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ ကံ့သုံးဆင့်လမ်း၊ မြစံပါယ်လမ်းနှင့် ပန်းကုံးရပ်တို့၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မေ ၄ ရက်နေ့နံနက် ၇ နာရီအချိန်ကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်မှူးနှင့် စာရေးများ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာစုရပ်များမှစတင်၍ လူနေအိမ်များမှ ရေတွင်း၊ ရေကန်များ၊ ဘုရားညောင်ရေအိုးများအား သွန်၊ ဖုံး၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း အသုံးမပြုသော ရေအိုးရေခွက်များ၊ တာယာကွင်းများထဲသို့ ရေဝင်ရောက်ပြီး ခြင်ပေါက်ပွားနိုင်သည့်အတွက် စနစ်တကျထားရှိကြရန် အသိပညာပေးဟောပြောခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း တို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)