မြန်အောင် မေ ၇
ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)အဆင့် (၄/၂၀၂၆) သင်တန်းဖွင့်ပွဲကို မေ ၄ ရက်နေ့နံနက်က အ.ထ.က(၁) မြန်အောင်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဦးကျော်တင့်ဝင်းတို့က အဖွင့်အမှာစကားပြောကြားကြသည်။ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံအကြောင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်ပြုံးမြင့်က သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အ.ထ.က(၁)မြန်အောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)အဆင့် (၄/၂၀၂၆) သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့သည်။
ကျောင်းသားလူငယ်များ ကြက်ခြေနီစိတ်ဓါတ်ရှိပြီး ရုတ်တရက်ဖြစ်ပေါ်လာသော ဘေးအန္တရာယ် များကိုကူညီနိုင်ရန်နှင့်ကာကွယ်နိုင်ရန်သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် ကြက်ခြေနီ အကြောင်း သိကောင်းစရာများ၊ရှေးဦးသူနာပြုစုခြင်းအခြေခံ သဘောတရားများနှင့် သဘာဝဘေး အန္တရာယ်အကြောင်း သိကောင်းစရာများ သင်ကြားသွားမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် ကြက်ခြေနီအသင်း ခွဲမှသိရသည်။
ဝင်းဗိုလ် ( မြန်အောင်)