ဇလွန် မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မဈေးသစ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်နည်း ဇတ်တိုက်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ရှေ့ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ယာဥ်များနှင့် မီးငြှိမ်းသတ်နည်းတို့ကို စည်ပင်သာယာ ရေးအဖွဲ့ဝန်ထမ်းများနှင့်ဈေးသူ၊ စျေးသားများအား လက်တွေ့ဇာတ်တိုက်လေ့ ကျင့်ခဲ့ကြပြီး မြို့မစျေးသစ်စျေးဆိုင်များနှင့် မြို့ပေါ်စားသောက်ဆိုင်များတွင် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ အရေးပေါမီး ငြှိမ်းသတ်ရေးပစ္စည်းများ ဖြစ်သော မီးသတ်ဆေးဘူးများ၊ လျှပ်စစ်ဝါယာကြိုးများ ကောင်းမွန်ခြင်းရှိ၊ မရှိတို့ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်လင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်ထွန်းဇော်နှင့်ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)