ကျုံပျော် မေ ၇
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်သည့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း (SMU) ဝင်ငွေတိုးတက်ရေးကဏ္ဍ ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ကျီးအိုင်ကျေးရွာအုပ်စု၊ ဘုရားကလေးဆိပ်ကျေးရွာ၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။
ဦးစွာ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဥက္ကဋ္ဌ ဦးအောင်ဌေးမြင့်က စီမံကိန်းဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းပြောကြားပြီး၊ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က အသင်းသားများထံ ရန်ပုံငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ယခုချေးငွေအား မွေးမြူရေးလုပ်ငန်း၊ ဝင်ငွေတိုးပွားရေးလုပ်ငန်းများတွင် စနစ်တကျအသုံးပြုကြရန် ဆွေးနွေးပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်အား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် ဝန်ထမ်းများ၊ ကျေးရွာပြည်သူများစုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)