မြောင်းမြမြို့တွင် ရက် (၁၀၀) စီမံချင်ဖြင့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်

မြောင်းမြ မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သမဝါယမနှင့်ကျေးဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့်  အသက်မွေးဝမ်းကြောင်း အထောက်အကူပြုအဆင့်မြင့် စက်ချုပ်သင်တန်းကို မေလ ၅  ရက် နံနက်  ၉ နာရီအချိန်က တဲ့တဲ့ကူးကျေးရွာအုပ်စု၊ သခွပ်ကွင်းကျေးရွာ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန္ဒာအောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရမှူး ဦးကျော်သူကိုကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုကိုတို့က အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ (၂၀) ဦးတို့အား သင်တန်းနည်းပြဆရာမ (၁) ဦးက မေလ (၅) ရက်နေ့မှ ဇွန်လ (၁၈) ရက်နေ့အထိ (၄၅) ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလပြီးမြောက်ပါက အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးမြှင့်ရရှိစေရေး အတွက် သက်ဆိုင်ရာဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)