ဒဂုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ဒဂုံ မေ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် ဒဂုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းက မိတ်ဆက်စကားပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနန္ဒကျော်စွာ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်အောင်ခိုင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်တို့က ဌာနဆိုင်ရာများအား မိတ်ဆက်စကားပြောကြားကာ ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒဂုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဉာဏ်မင်းပြည့် (ပြန်/ဆက်)