ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေမူကြမ်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရန်ကုန် မေ ၇

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေးအစီအစဉ် - ၁ (Yangon Region Hluttaw Capacity Building Programme - 1) ၏ ဥပဒေမူကြမ်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ (Legal Drafting. Workshop) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံ ပုလဲခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌက သင်တန်းဆိုင်ရာလမ်းညွှန်ချက်များ ပြောကြားခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂) ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၉၄ ဦးနှင့် အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးအဖွဲ့မှ ဥပဒေပညာရှင်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် မေလ ၇ ရက်နေ့မှ ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့ထိ ၅ ရက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)