သရက်ချောင်း မေ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် ယခုအချိန်အခါတွင် ရာသီပေါ်ဒေသထွက်ဒူးရင်းသီးပေါ်ချိန်ကာလဖြစ်၍ ဒူးရင်းသီးများရောင်းချကြရာ ယခင်နှစ်ထက်ဈေးကောင်းရရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူတောင်သူ ဒေါ်တင်နုထံမှသိရသည်။
သရက်ချောင်းမြို့နယ်၌ ယခုနှစ်တွင် ရာသီပေါ်ဒူးရင်းသီးများရောင်းချရာ၌ ယခင်နှစ်အထက် နောက်ကျမှထွက်ရှိသဖြင့် တောင်သူများအနေဖြင့် ရာသီပေါ်ဒူးရင်းသီးများရောင်းချရာ နောက်ကျသော်လည်း ဈေးကောင်းရရှိပြီး ဒူးရင်းသီးတစ်လုံးလျှင် အရွယ်အစားအမျိုးမျိုးအလိုက် ကျပ် ၅၀၀၀ မှ ၃၀၀၀၀ အထိ ဈေးကောင်းရရှိကြောင်းသိရပြီး တောင်သူများအနေဖြင့် မြို့နယ်အတွင်းရှိ ဒူးရင်းသီအဝယ်ဒိုင်များနှင့် ထားဝယ်မြို့ရှိ ဒူးရင်းသီးအဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)