ဗိုလ်တထောင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့၏ ရက် ၁၀၀ စီမံချက်၊ မှုခင်းအသိပညာပေးဟောပြောခြင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ရှင်းလင်းဟောပြောပွဲ

ဗိုလ်တထောင် မေ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၄) ရပ်ကွက် ဓမ္မာရုံ၌ မြို့နယ်ရဲတပ်ဖွဲ့၏ ရက် ၁၀၀ စီမံချက်၊ မှုခင်းအသိပညာပေးဟောပြောခြင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ကွင်းဆင်းဟောပြောရှင်းလင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ဇင်မှ မှုခင်းအသိပညာပေးဟောပြောခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးရန်ဆယ်ခင်ဆားရ်မှ ဥပဒေအသိပညာပေးဟောပြောခြင်း၊ မြို့နယ်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိ ဦးညိုလွင်အောင်မှ ရက် ၁၀၀ စီမံချက်နှင့်ပတ်သက်၍ မြို့နယ်လျှပ်စစ်မှ ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးသန်းစိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညီညီတို့မှ မိမိတို့ဌာနများ၏ ရက် ၁၀၀ စီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ရပ်ကွက်နေပြည်များမှ သိရှိလိုများမေးမြန်းကြရာ မေးမြန်းချက်များနှင့်သက်ဆိုင်သည့် ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

 ခင်ဝင်း (ပြန်/ဆက်)