ပုဇွန်တောင် မေ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အစိုးရသစ် ရက် (၁၀၀) စီမံကိန်းတွင် ပါဝင်သည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ယနေ့နံနက် (၇:၄၅) နာရီအချိန်က မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးများ၊ ဗိုလ်တထောင်ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အမှတ် (၇) ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းရှိ အေးတံတားမြစ်ထွက်ပေါက်မှ ပုဇွန်တောင်ချောင်းအတွင်းသို့ ရေစီးဆင်းမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ် (ပြန်/ဆက်)