သင်္ဃန်းကျွန်းမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

သင်္ဃန်းကျွန်း မေ ၈

သင်္ဃန်းကျွန်းမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သဘာပတိဦးအောင်သိန်း စာရေးဆရာကြီးအောင်စည်ဟိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ယခင်အလုပ်အမှုဆောင်များ နှုတ်ထွက်ပြီးကြောင်းကို ကြေညာခဲ့ပါသည်။ ဆက်လက်၍ ရွေးချယ်တင်မြှောက်ရေးအဖွဲ့နှင့် တက်ရောက်လာသူများက အောက်ပါပုဂ္ဂိုလ်များအား တညီတညွတ်တည်း ရွေးချယ်ခဲ့ကြရာ စာရေးဆရာအသင်းဥက္ကဋ္ဌအဖြစ် ဦးစောရွှေ စာရေးဆရာ(ကိုစော၊ပထဝီဝင်)၊ အတွင်းရေးမှူးအဖြစ် ဒေါ်စန်းစန်းနွယ် စာရေးဆရာမ(မဟင်္သာခင်)၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်ခင်မေလတ် စာရေးဆရာမ(မေလတ်ဟန်)၊ အမှုဆောင် (၁) အဖြစ် ဦးနေလင်း စာရေးဆရာ(မောင်ရှိန်၊ဘောဂဗေဒ)၊ အမှုဆောင်(၂)အဖြစ် ဦးသန်းမောင် စာရေးဆရာ (အောင်ချစ်စိုး၊လသာ)တို့အား ရွေးချယ်ခဲ့ကြသည်။ ဆက်လက်ပြီး ညီလာခံကိုယ်စားလှယ်အဖြစ် ဦးစောရွှေ(ကိုစော၊ပထဝီဝင်)၊ ညီလာခံကိုယ်စားလှယ်(အရံ)အဖြစ် ဦးနေအေး(မောင်ရှိန်၊ဘောဂဗေဒ)တို့အား ဆက်လက်ရွေးချယ်ခဲ့သည်။

အခမ်းအနားသို့ သဘာပတိဦးအောင်သိန်း စာရေးဆရာကြီးအောင်စည်ဟိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်နှင့် မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ရွေးချယ်တင်မြှောက်ခံရသည့် အမှုဆောင်အဖွဲ့ဝင်များနှင့် ရွေးချယ်တင်မြှောက်ရေးအဖွဲ့တို့တွေ့ဆုံကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် စာရေးဆရာကြီး ဘသက်ဆွေက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇော်မိုး(သင်္ဃန်းကျွန်း)