ရွှေပြည်သာမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့်ရပ်ကွက်/ ကျေးရွာများအရောက် UID နှင့် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ရွှေပြည်သာ မေ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၆)ရပ်ကွက်၌  ရက် (၁၀၀) စီမံချက်ဖြင့်UIDနှင့် နိုင်ငံသားစိစစ်​ရေးကတ်များကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေး​ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆာင်ရွက်ပေးနေမှုအား မင်္ဂလာဒုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဇော်ဝင်းသန့်၊ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၊ ရွှေပြည်သာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရူ၍လို အပ်သည်များ ကူညီဆောင်ရွက်ပေးကာ ပြီးစီးသည့် ကတ်ပြားများအား ပေးအပ်ခဲ့သည်။

အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်​ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်္ဂလာဒုံခရိုင်ဦးစီးမှူး ဦးထိန်လင်းသိန်းမှ အနီးကပ်ကြီးကြပ်၍‌ ရွှေပြည်သာမြို့နယ်ဦးစီးမှူး ဦးသောင်းမိုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်နှင့် UID CARD မပြုလုပ်ရသေးသည့် အမှတ်(၆)ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များအား အသစ်လဲလှယ်ပြုလုပ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)