ကိုကိုးကျွန်းမြို့နယ်တွင် အခြေခံမွေးမြူရေးသင်တန်းဖွင့်ပွဲပြုလုပ်ကျင်းပ

ကိုကိုးကျွန်း မေ ၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အခြေခံမွေးမြူရေးသင်တန်း အမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဉီးညီညီစောမှ အဖွင့်မှာစကား ပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဌာနမှဦးစီးမှူး ဒေါက်တာမျိုးထွန်းမှ မွေးမြူရေးသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံမွေးမြူရေးသင်တန်း အမှတ်စဉ်(၂)ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ အသားကဏ္ဍဖူလုံစေရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးကို ဉီးတည်လျက် တစ်ပိုင်တစ်နိုင် မွေးမြူရေးစနစ်မှ စီးပွားဖြစ်မွေးမြူနိုင်ရေး စနစ်သို့ ကူးပြောင်းသွားရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသားတိုးဝက် (DYL)ဝက်မကြီး (၁၀)ကောင် ထောက်ပံ့ပေးခဲ့ပြီး၊ မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာနမှ လစဉ် အသားတိုးဝက်(၁၀)ကောင် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့နောက် အဆိုပါအခမ်းအနားသို့  မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဉီးညီညီစောနှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရက်ကွက်အုပ်ချုပ်ရေးမှုးများနှင့် သင်တန်းသားသင်တန်းသူ စုစုပေါင်း (၅၀)ဉီးခန့် တက်ရောက်ခဲ့ပြီး အခြေခံမွေးမြူရေးသင်တန်း အမှတ်စဉ်(၂)သင်တန်းတက်ရောက်မည့် သင်တန်းသား၊သင်တန်းသူ (၂၀)ဦးခန့်ရှိကြောင်း သိရသည်။  

ထွန်းထွန်းဇော်(ပြန်/ဆက်)