နောင်မွန်းမြို့၌ ဆင်းဧကရီ-၃ မျိုးစပါး ထောက်ပံ့ပေးအပ်ပွဲနှင့် ပြည်နယ်‌လွတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

နောင်မွန်း မေ ၇

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် စိုက်ပျိုးတောင်သူများအား ဆင်းဧကရီ-၃ မျိုးစပါးထောက်ပံ့ပေးအပ်ပွဲနှင့် ပြည်နယ်လွတ်တော် အတွေ့အကြုံချပြရှင်းလင်းခြင်းအခမ်းအနားကို မေလ ၆ ရက် နေ့လည် ၁ နာရီတွင် ဝဏ္ဏကျော်ထင်ဦးဂူရှင်ဖုန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ နောင်မွန်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ပြည်နယ် လွတ်တော်ကိုယ်စားလှယ်ဦးဆမ်ဘုံဆင်က ပထမအကြိမ် ပြည်နယ်လွတ်တော်အတွေ့အကြုံများကို ချပြရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများထံ ဆင်းဧကရီ-၃ မျိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က မြို့နယ်အတွင်း စီမံဆောင်ရွက်ထားရှိမှုများ တင်ပြဆွေးနွေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသော မိဘပြည်သူများက ဆောက်လက်စဖြစ်သော ရဝမ်စာပေနှင့်ရိုးရာ ယဉ်ကျေးမှုရုံးဝန်းအတွင်းရှိ ခန်းမ‌ဆောင် အပြီးသတ်ဆောက်လုပ်နိုင်ရေး၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများအတွက် စက်သုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ရောင်ချပေးနိုင်ရေး၊ ဆက်သွယ်ရေး/လမ်းတံတားများ ပြုပြင်ပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးဆမ်ဘုံဆင်က သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ပါသည်။

နောင်မွန်းမြို့နယ်အတွင်း မိုးစပါစိုက်ပျိုးဧက (၃၃၆၁)ရှိရာ ဆင်းဧကရီ-၃မျိုး စပါးစိုက်ပျိုးဧက (၉၆၆) ဧကတို့အတွက် မျိုးစပါးတင်း (၄၀၀) ကို စိုက်ပျိုးတောင်သူ (၃၈၃) ဦးတို့အား ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်သော မျိုးစပါးများကို တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)