ဖယ်ခုံမြို့တွင် နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းနှင့်လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဖယ်ခုံ မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ     ထားရေးဝန်ကြီးဌာနက နေရပ်ပြန်ပြည်သူများအား စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ၌ ဖယ်ခုံမြို့၊မြို့နယ်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းမှ အိမ်ထောင်စု(၁၈၁၆)စု၊ လူဦးရေ(၆၅၂၀)ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ(၂၀,၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေသားကျပ်(၁၃၀,၄၀၀,၀၀၀/-)(ကျပ်သိန်းတစ်ထောင့်သုံးရာလေးသိန်း)၊  သက်ကြီးဘိုးဘွား (၇၅)နှစ်အထက် (၂၀၆)ဦး၊ (၅)နှစ်အောက် ကလေး(၄၈၄)ဦး၊ ကိုယ်ဝန်ဆောင်မိခင်(၃၂)ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် (၃၀,၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေသားကျပ်(၂၁,၆၆၀,၀၀၀/-) (ကျပ်သိန်းနှစ်ရာတစ်ဆယ်ခြောက်သိန်းခြောက်သောင်း)အား ထောက်ပံ့ပေးအပ်ရာ နေရပ်ပြည်သူများ ကိုယ်စားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ရင်မှလည်းကောင်း၊ ဘုရားဆင်းတုတော်(၂၀၀) အားပေးအပ်ရာ သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာန၊   မြို့နယ်သာသနာရေးမှူး ဦးတင်မျိုးမြင့်မှလည်းကောင်း၊ အမှတ်(၇) စစ်ဆင်းရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမြတ်လင်းက တာပေါ်လင်ပစ္စည်းများပေးအပ်ရာ နေရပ်ပြန်ပြည်သူများကိုယ်စား မိုးဗြဲကျေးရွာအုပ်စု ဦးစိန်ဝင်းမှလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းက စားနပ်ရိက္ခာများပေးအပ်ရာ နေရပ်ပြန်ပြည်သူများကိုယ်စား ဈေးနောက်ရပ်ကွက်နေ ဦးဝေဇင်ဖြိုးမှလည်းကောင်း၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်က စားနပ်ရိက္ခာ(ခေါက်ဆွဲခြောက်)များပေးအပ်ရာ မြို့ကုန်းရပ်ကွက်နေ ဒေါ်မိုင်းမြူမှုန်စိုးကလည်းကောင်း၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်အေးချိုစိန်က အဝတ်အထည်(စောင်၊ကျားဝတ်၊မဝတ်)များပေးအပ်ရာ ဈေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မျိုးမှလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဒေါ်လဲ့လဲ့အေးက ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးအား‌ပေးအပ်ရာ မြို့ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းပေါ်မှလည်းကောင်း အသီးသီးလက်ခံခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လီဆူတိုင်ရင်းသားလူမျိုးရေးရာဝန်ကြီး၊ ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် နေရပ်ပြန်ပြည်သူလူထုများတက်ရောက်ကြပြီး တက်ရောက်လာကြသောပြည်သူများအနက် သက်ကြီးရွယ်အိုဘိုးဘွားများအား လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက ထောက်ပံ့ငွေများအားပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုမှတဆင့် ဖယ်ခုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်