ပုဇွန်တောင်မြို့နယ်၌ အစိုးရသစ် ရက်(၁၀၀)စီမံကိန်းတွင် ပါဝင်သည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ပုဇွန်တောင်   မေ    ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ အစိုးရသစ် ရက်(၁၀၀) စီမံကိန်းတွင် ပါဝင်သည့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့နံနက် ၇ နာရီခွဲက မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူးများ၊ ဗိုလ်တထောင်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊  ပြည်သူ့လွှ‌တ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အမှတ် (၇)ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းရှိ အေးတံတားမြစ်ထွက်ပေါက်မှ ပုဇွန်တောင်ချောင်းအတွင်းသို့ ရေစီးဆင်းမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်