ဟင်္သာတမြို့နယ် မြို့မရဲစခန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော ၊ လက်တွေ့ သရုပ်ပြ လေ့ကျင့်

ဟင်္သာတ   မေ   ၅

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ မြို့မရဲစခန်းတွင် ဟင်္သာတမြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာ နှင့်အဖွဲ့ မှ ယနေ့နံနက်ပိုင်းက မီးဘေးကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာက မီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ လျှပ်စစ်မီးများ စနစ်တကျအသုံးပြုစေရေး နည်းလမ်းများ၊ မီးသတ်ဆေးဗူး အသုံးပြုပုံနည်းလမ်းများ၊ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်မှုမဖြစ်ပွားစေရေး ဆောင်ရန်/ ရှောင်ရန်နည်းလမ်းများ၊ မီးလောင်မှု ဖြစ်စဉ်များအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များ ဦးဆောင်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်သိန်းနှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဗူး အသုံးပြုတတ်စေရန် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)