ဒေးဒရဲ မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးကြိုကာလ၌ ဖြစ်ပွားလာနိုင်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်းစွာရွာသွန်းခြင်းတို့ကြောင့်ပြည်သူများ ထိခိုက်မှုမဖြစ်ပွားစေရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိလမ်းများ၊ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့်သစ်ပင်သစ်ကိုင်းများအား ယမန်နေ့ညနေပိုင်းကစတင်၍ ခုတ်ထွင်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးဝဏ္ဏဝင်း ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများကမိုးရာသီကာလ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သစ်ပင်၊ သစ်ကိုင်းများ ပြိုလဲမှုများမဖြစ်ပွားစေရေးအတွက် လမ်းနယ်နိမိတ်ဖြင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်များအား လူအင်အား၊ ဌာနပိုင်ယာဥ် ယန္တရားများဖြင့် ခုတ်ထွင်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း