ရေကြည်မြို့နယ်အသုတ်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် မီးလောင်မှုဖြစ်

ရေကြည် မေ ၈

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့၊ အမှတ်(၄) ရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်း (၁)နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသုတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ ဦးတင်ထွေး(ခ)ဦးချီးပု ပိုင်ဆိုင်သည့် လက်ဖက်ရည်ဆိုင်မီးဖိုချောင်တွင် ခေါက်ဆွဲရောင်းမည့် မုန့်ဟင်းရည်အိုးအား တည်ထားခဲ့ပြီး နေအိမ်သို့ပြန်ရန် မီးငြိမ်းသတ်ထားရှိခဲ့ရာမှ ကျန်ရှိသော မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်ရာသို့ အသုတ်မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးပိုင်၊ ရေကြည်မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူးဦးစိုးနိုင် ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၄)ဦး၊ ရေသယ်ယာဉ်(၁)စီးဖြင့် သွားရောက်မီးငြိမ်းသတ်ရာ (၁)နာရီမိနစ်(၄၀)ခန့်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ဦးတင်ထွေး(ခ)ချီးပုအသက် (၅၁) နှစ်၊ (ဘ)ဦးသန်းထွန်း၊ ၁၄/ရကန(နိုင်) ၀၉၁၁၇၁၊ ဗမာ/ဗုဒ္ဓ၊ စျေးရောင်း၊ ဘုန်းကြီးလမ်းအမှတ် (၃) ရပ်ကွက်၊ အသုတ်မြို့နေသူ၏ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း၊ (၃)ပင်၊ (၂)ခန်း၊ အလျား (၅၀) ပေ၊ အနံ (၁၄) ပေခန့် စျေးဆိုင်(၁)လုံး (ကာလတန်ဖိုး ၃၀၀၀၀၀ ကျပ်ခန့်)ရှိပြီး ဦးဇော်ဦးအသက်(၅၁)နှစ်၊ (ဘ)ဦးကိုမြင့်၊ ၁၄/ရကန(နိုင်) ၁၀၅၁၉၉၊ ဗမာ/ဗုဒ္ဓ၊ စျေးရောင်း၊ အောက်ရွာလေးလမ်း၊ အမှတ်(၅)ရပ်ကွက်၊ အသုတ်မြို့နေသူ၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ (၃)ပင်၊ (၂)ခန်း၊ အလျား (၅၀)၊ အနံ (၁၅) ပေခန့်စျေးဆိုင်(၁)လုံး (ကာလ တန်ဖိုး ၃၀၀၀၀၀ ကျပ်ခန့်)နှင့် ဦးသန်းထိုက်အသက် (၅၉)နှစ်၊ (ဘ)ဦးတင်အောင်၊ ၁၄/ရကန (နိုင်)၀၁၁၆၁၈၊ ဗမာ/ဗုဒ္ဓ၊ စျေးရောင်း၊ အရှေ့လမ်းမ‌တော်လမ်း၊ အမှတ်(၄)ရပ်ကွက်၊ အသုတ်မြို့နေသူ၏ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း၊ (၄)ပင်၊ (၃)ခန်း၊ အလျား (၅၀)ပေ၊ အနံ (၁၈) ပေခန့် နေအိမ်ဆိုင်ခန်း(၁)လုံး (ကာလတန်ဖိုး ၃၀၀၀၀၀ ကျပ်ခန့်)ရှိဈေးဆိုင်ခန်းများ အသီးသီး လောင်းကျွမ်းခဲ့ပြီးလူ/တိရစ္ဆာန်များ ထိခိုက်/သေဆုံးမှုမရှိကြောင်း၊ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးအားပေါ့ဆစွာ အသုံးပြုသူ ဦးတင်ထွေး(ခ)ချီးပုအား ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)