ကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းကြီးကြပ်

ကျောက်မဲ မေ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျင်းကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း (၁/၄)မိုင်အား ရေတားတမံတည်ဆောက်ခြင်းနှင့် ရေဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းအား ကျောက်မဲခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူအောင်နှင့်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက နယ်မြေကွင်းဆင်းကြီးကြပ်ခဲ့သည်။

ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမြင့်ထွေးဝင်းမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့သည်။

အဆိုပါ ကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအရေးပေါ်ရန်ပုံငွေ (Quick Win) အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ခရိုင်ပြန်/ဆက်