ကျုံပျော်မြို့နယ်၌  သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲပြုလုပ်

ကျုံပျော် မေ

မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ကျောင်းစုကျေးရွာ  တောင်သူ ဦးဝင်း‌အောင်၏ လယ်မြေ  ရှစ်ဧက၌  သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကို ယမန်နေ့က ပြုလုပ်သည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က သစ်စိမ်းမြေဩဇာ ထည့်သွင်းရခြင်း၏ အကျိုးကျေးဇူးအား ရှင်းလင်းပြောကြားပြီး၊ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးစောထွန်းဝင်းက  သစ်စိမ်းမြေသြဇာထည့်သွင်းခြင်းဖြင့် မြေဆီလွာအာဟာရဓာတ်ပြည့်ဝကာ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာလျှော့သုံးပြီး  မြေဆီလွှာဖွံ့ဖြိုးတက်ရေးအတွက် မြေဆွေးပုံများပြုလုပ်သင့်ကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်မှ အထွက်နှုန်းကောင်းမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက တောင်သူများလက်ဝယ်သို့ ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ပြီး၊ တောင်သူဦးဝင်းအောင်၏ လယ်မြေအတွင်းသို့  (ပိုက်ဆံလျှော်) မျိုးစေ့များ စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။

နေဝင်းမြင့် (ပြန်/ဆက်)