ကိုကိုးကျွန်းမြို့နယ်၌ Book Club စာဖတ်ဝိုင်း ပြုလုပ်ကျင်းပ

ကိုကိုးကျွန်း မေ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် Book Club စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ Book Club စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ လူငယ်များ ဗလငါးတန်နှင့်ပြည်စုံပြီး ဘက်ပေါင်းစုံမှ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်နှင့် စာပေကိုချစ်မြတ်နိုးပြီး လေ့လာတန်ဖိုးထားတတ်သော လူငယ်များဖြစ်လာစေရန် ယခုလို Book Club စာဖတ်ဝိုင်းများကို ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ နန္ဒာ့သိန်းဇံ ရေးသားသော ခရောင်းလမ်းကို ဖြတ်ကျော်၍ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စတင်ပြုလုပ်ရာ BookClub အသင်းဝင်ကို သားငယ်မှ ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင် ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးစိုးသိန်းမှ ဘဝခရီးသည်တွေဆီကအသံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အပြစ်မပြောပါနဲ့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ရှုဆွေးနွေးခဲ့ကြပြီး ကျန်အဖွဲ့ဝင်များကလဲ အဆိုပါစာအုပ်ပါ အခြားခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးဖတ်ရှုခဲ့ကြရာ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ပေးခဲ့ကြောင်း သိရသည်။

 ထွန်းထွန်းဇော် (ပြန်/ဆက်)