ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ Football For School  Program အရ ဘောလုံးသင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

ဒဂုံ(အရှေ့) မေ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Football For School  Program အရ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားကွင်း၌ ဘောလုံးသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ Football For School  Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းအား သင်တန်းသား ၇၀ ဦး၊ သင်တန်းနည်းပြ ( ၃ )ဦးဖြင့် မေလ ၄ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ ဖွင်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘောလုံးသင်တန်းသို့  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ‌ဘောလုံးဝါသနာပါသူ သင်တန်းသား ၇၀ ဦး တက်‌ရောက်သင်ကြားလျက်ရှိ‌ကြောင်း  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

အေးမဉ္ဇူ