မင်္ဂလာတောင်ညွန့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမိတ်ဆက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်္ဂလာတောင်ညွန့်   မေ   ၈

ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမိတ်ဆက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၅ ရက်နေ့ နံနက်(၁၀)နာရီကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းလင်းထွဏ်း၊ မဲဆန္ဒနယ်အမှတ်(၃) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)ဦးတင်ရှိန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဝေယံပိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် PR ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိတ်ဆက်စကား အသီးသီး ပြောကြားခဲ့ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းလင်းထွဏ်း၊ မဲဆန္ဒနယ်အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးတင်ရှိန်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဝေယံပိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် PR ဦးဗိုလ်ဗိုလ်ခင်မောင်တင့်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများနှင့် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် စီမံချက်များအား ရှင်းလင်းဆွေးနွေး တင်ပြခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်အတွင်း လိုအပ်ချက်များအား တင်ပြခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး မဲဆန္ဒနယ်အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဇော်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း  သိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)