ဓနုဖြူ မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ လယ်မြေများတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို မေ ၆ ရက်နေ့ နံနက်(၉) နာရီအချိန်က နန်းတော်ကုန်းကျေးရွာ၊ ကွင်းအမှတ် ၁၉၃၊ ဦးပိုင်၁၄၀/၁၊ တောင်သူ ဦးသန်းစိန်၏ လယ်မြေတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ သစ်စိမ်းမြေသြဇာမျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(FPTP) ဦးကြည်ဌေး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်မှ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(FPTP) ဦးကြည်ဌေးက ဆက်လက်အမှာစကား ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးချစ်ဝင်းနိုင်က သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးရခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တစ်ဧကလျှင် (၄)ပြည်နှုန်းဖြင့် တက်ရောက်လာသော တောင်သူများသို့ပေးအပ်ပြီး အဆိုပါလယ်မြေ(၇)ဧကတွင် စုပေါင်းကြဲပက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)