ရန်ကုန် မေ ၈
သန်လျင်ခရိုင်၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက သန်လျင်ခရိုင်၏ ဒေသန္တရလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အမျိုးသားစီမံကိန်း ဥပဒေ၊ ရန်ကုန်တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေတို့ဖြင့် ပြဌာန်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအလိုက် ရက (၁၀၀) စီမံချက်နှင့်ပတ်သက်၍ အောင်မြင်အောင် အကောင်အထည်ဖေါ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအားလုံး အောင်မြင်အောင်ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ထိုနောက် စီမံကိန်းတာဝန်ပေးအပ်လွှာများကို ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)