အင်္ဂပူ မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ မြို့မဈေးတွင် မေ ၆ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ယာဥ်များနှင့် မီးငြှိမ်းသတ်နည်းတို့ကို စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ဈေးသူ၊ ဈေးသားများက လက်တွေ့ဇတ်တိုက်လေ့ကျင့်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများ၊ အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ဈေးသူ၊ဈေးသားများ တက်ရောက်ခဲ့ပြီးအင်္ဂပူမြိုနယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊ မီးဘေးအသိပညာပေးလက်ကမ်းများ ဖြန့်ဝေခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်း မြိုနယ်မီးသတ်ဦးစီးဌာနမှသိရသည်။
မန်းကျော်(ပြန်/ဆက်)