ကျွန်းစု မေ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး၊ ရေအရင်းအမြစ်နှင့် ရေချွေတာရေးဆိုင်ရာများကို မေလ ၇ ရက်နေ့ နံနက်ပိုင်းက တာရပိုင်းကျေးရွာရှိ အ-ထ-က ကျောင်းခန်းမ၌ ကွင်းဆင်း အသိပညာပေးဟောပြောသည်။
ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးခင်စိုးနှင့် သစ်တောဝန်ထမ်းများက သစ်တောထိန်းသိမ်း၊ တောမီးကာကွယ် ရေး၊ မီးခိုးမြူငွေ့လျှော့ချရေး၊ ရေအရင်းအမြစ်နှင့် ရေချွေတာရေးဆိုင်ရာ အကြောင်းအရာများကို ကျေးရွာသူ၊ ကျေးရွာသားများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် သစ်တောဦးစီးဌာနဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝ ဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clip များ ပြသခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)