ညောင်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန၌ AI နည်းပညာသင်တန်းဖွင့်လှစ်သင်ကြား

ညောင်ဦး မေ ၈

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ AI နည်းပညာသင်တန်းဖွင့်ပွဲကို မေ ၈ ရက်၊နံနက် ၁၁ နာရီ က သင်တန်းဖွင့်ပွဲကျင်းပသည်။

အဆိုပါသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက ခေတ်မီဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ AI နည်းပညာအသုံးပြုခြင်းများကျယ်ပြန်လာသည်နှင့်အညီ ကဏ္ဍပေါင်းစုံတွင် AI နည်းပညာ ဖြင့် အထူးပြုလုပ်ပြီး အသုံးပြုမှုများပြားလာကြောင်း၊ဓာတ်ပုံများပြုပြင်၍ သတင်းတုသ တင်းမှားများဖန်တည်းပြုပြင်ထားခြင်း ဟုတ်၊ မဟုတ် အလွယ်တကူသိရှိနိုင်စေရန် AI နည်းပညာကိုသိရှိထားရန်၊ AI နည်းပညာဖြင့် လူသားကောင်းကျိုးအကျိုးပြုလုပ်ငန်းများ တွင်သာ AI နည်းပညာအသုံးပြုကြရန် အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် Gemini ၊ Chat GPT Software အသုံးပြု၍ ဓာတ်ပုံများဖန်တည်းခြင်း၊ပြုပြင်ခြင်းနှင့်စာ ရေးသားနည်းများအား လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းသား သင်တန်းသူများက ဖုန်းများဖြင့်လက်တွေ့အသုံးပြုသင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ဒီပါလင်း