ပုသိမ်ကြီးမြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြား နှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်

ပုသိမ်ကြီး မေ ၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ မေ ၈ ရက် ၉ နာရီက ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆွေသန်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများ၊ အောင်မြေသာစံခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊  မြို့နယ်စီမံ‌ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ တက်ရောက်၍ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကိုနေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို ပြန်/ဆက်