စဉ့်ကူးမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံ

စဉ့်ကူး    မေ   

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟိန်းမင်းဦးက လွှတ်တော်အတွေ့အကြုံများကိုရှင်းလင်းပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လိုအပ်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦး‌သန့်ဇင်ထွန်းက အစိုးရသစ် ရက်(၁၀၀)စီမံချက်ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာနများအား တာဝန်ပေးအပ်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ကြုံတွေ့ရသည့်အခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ကြရာ လွှတ်တော်ကိုယ်စားလှယ်များက  တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက်စဉ့်ကူးမြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်အတွင်းရှိတိုက်နယ်ဆေးရုံများတွင် အသုံးပြုရန်အတွက် အောက်ဆီဂျင်စက်(၇)လုံးအား သန္တိသစ္စာကုမ္ပဏီမှ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်သိန်းဦးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟိန်းမင်းဦး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ စဉ့်ကူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)