သာစည်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွား ၁၇၂၅  ကောင်ကို ကာကွယ်ဆေးထိုးနှံပြီးစီး

သာစည် မေ ၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာခုနစ်ရွာနှင့် မြို့ပေါ်ရပ်ကွက်နှစ်ခုတို့တွင် ကျွဲ၊နွားကောင်ရေ ၁၇၂၅ ကောင်ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံကသိရသည်။

သာစည်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲနွားများတွင် အဖြစ်များသော ဒေါင့်သန်းရောဂါနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထို့နှံခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိရာ မေ ၇ ရက်က သပြေဝကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မြင့်နိုင်၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများနှင့်တိရစ္ဆာန်ကျန်းမာရေးလုပ်သားများက သပြေဝကျေးရွာရှိ ကျွဲ၊နွားကောင်ရေ ၁၁၅ ကောင်တို့အား ကာကွယ်ဆေးထိုးနှံပေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာနေပြည်သူများအား ကျွဲ၊နွားများတွင် ဖြစ်တတ်သောရောဂါများနှင့် မွေးမြူရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်