ထားဝယ် မေ ၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ဌာနပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးရွှေဝင်းက နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေး သည်။
ထို့နောက်ထားဝယ်မြို့နယ်သမဝါယမဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား (၂၇၃)ဦးအား စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန် စုဆောင်းငွေပေါ်အတိုး ငွေကျပ် ၂၀၉၅၇၇၉၅ ၊ အစုပေါ် အမြတ်ငွေကျပ်၁၀၂၉၁၆၀နှင့်ချီးမြှင့်ငွေကျပ် ၂၇၃၀၀၀၀ စုစုပေါင်း ငွေကျပ် ၂၄၇၁၆၉၅၅ ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)