သရက်ချောင်းမြို့နယ်၌ ၂၀၂‌၆–၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်

သရက်ချောင်း မေ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂‌၆–၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက သရက်‌ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံကိန်းရေးဆွဲအ‌ကောင်အထည်‌ဖော်ရေး‌ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံကိန်းရေးဆွဲအ‌ကောင်အထည်‌ဖော်ရေး‌ကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်မာလာထွန်းနှင့် ဝန်ထမ်းများတက်ရောက်သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲအ‌ကောင်အထည်‌ဖော်ရေး‌ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌‌အောင်မြင့်သိန်းက ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲနှင့်ပတ်သက်၍ ပြောကြားသည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စီမံကိန်းရေးဆွဲအ‌ကောင်အထည်‌ဖော်ရေး‌ကော်မတီအတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ခင်မာလာထွန်းမှ ၂၀၂၆–၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲနှင့်ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး‌နောက် မြို့နယ်စီမံကိန်းရေးဆွဲအ‌ကောင်အထည်‌ဖော်ရေး‌ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌‌အောင်မြင့်သိန်းက ထုတ်လုပ်မှုနှင့်ဆိုင်သောဌာနဆိုင်ရာများကိုယ်စား ​မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးဇော်မင်းအားလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆိုင်သောဌာနဆိုင်ရာများ ကိုယ်စားကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကောင်းမြတ်ထက်အားလည်းကောင်း စီမံကိန်းတာဝန်များပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)