ဗိုလ်တထောင် မေ ၉
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ပညာရာမိကမဟာ (အေ)ကျောင်းတိုက်၌ ဗိုလ်တထောင်မြို့နယ်၏ ၂ဝ၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာအောင်သံဃာတော်များ သီတင်းသုံးသည့် ကျောင်းများသို့ ဆွမ်းဆန်တော်လှူဒါန်းခြင်းအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလဝံသ၊ နိုင်ငံတော်ဗဟို၀န်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာရာဘိ၀ံသပါ ပင့်သံဃာ(၅)ပါးပင့်ဖိတ်၍ ယမန်နေ့ ညနေ (၅)နာရီခွဲက ပညာရာမိကမဟာ(အေ)ကျောင်းတိုက် ဓမ္မာရုံ၌ လှူဒါန်းပွဲကျင်းပသည်။
ထိုသို့ကျင်းပရာတွင် ဗိုလ်တထောင်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့၀င်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာနမှူး ဦးတင်ဝင်းတို့က သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလဝံသ၊ ပညာရာမိကမဟာ(အေ)ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလနှင့် ရေစက်ချတရားများ နာကြားရေစက်ချအမျှဝေကြသည်။ လှူဒါန်းမှုမှာ ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များ သီတင်းသုံးသည့် ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းရှိ သံဃာတော်များအတွက် ဆွမ်းဆန်တော်(၁၀)အိတ်၊ ပဲဆီ (၁၀)ပိဿာဝင်(၆)ပုံး စုစုပေါင်းလှူဒါန်းငွေ ၃၈၀၀၀ဝ အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)