ကလောမြို့၌ တီဘီရောဂါနှင့်အခြားရောဂါများ အခမဲ့စမ်းသပ်ရှာဖွေကုသပေးလျက်ရှိ

ကလော    မေ      ၉

ရှမ်းပြည်နယ်တောင်ပိုင်း ကလောခရိုင် က‌လောမြို့ မြို့မပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် မေ  ၈ ရက်နံနက် ၉ နာရီမှစ၍ ကလောမြို့ပေါ်ရှိ ဒေသခံပြည်သူများအား တီဘီရောဂါနှင့်အခြားရောဂါများအား အခမဲ့စမ်းသပ်ရှာဖွေကုသမှု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် တီဘီတိုက်ဖျက်ရေးဌာနမှအဖွဲ့ခေါင်းဆောင် ဆရာဝန်ကြီး ဒေါက်တာအိအိချောနှင့်အဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခိုင်စုစုညိမ်းနှင့်အဖွဲ့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဒေါက်တာစောမြတ်သစ္စာနှင့် ကျန်းမာရေး ဝန်ထမ်းများတို့သည် မြို့ပေါ်ရပ်ကွက်နေဒေသခံပြည်သူများအား တီဘီ‌ရောဂါများ စမ်းသပ် ရှာဖွေစစ်ဆေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၂၀၉) ဦးတို့အား အခမဲ့ကွင်းဆင်းကြည့်ရှုကုသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)