သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြ

သာစည် မေ ၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃)အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို မေ ၉ ရက် နံနက် ၈ နာရီက အိုင်ဒွန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၉၀၀) ပေါက်ချောင်းကျေးရွာတောင်သူ ဦးထွန်းထွန်းနိုင်နှင့် ဦးဟန်လင်းမြတ်တို့၏ နွေစပါးစိုက်ခင်းများတွင် ပြုလုပ်ကြောင်း သိရသည်။

သရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဌေးဌေးက ယူရီးယားနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် ပြုလုပ်သုံးစွဲနည်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးလွင်မျိုးထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များက တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပြီး ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃)အချိုးကျရောစပ်ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ပေါက်ချောင်းကျေးရွာနှင့် အိုင်ဒွန်းကျေးရွာတို့မှ တောင်သူ ၃၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)