ပုသိမ်ကြီး မေ ၉
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းက အမှာစကားပြောကြားပြီး အသက်၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၆ -၂၀၂၇ ဘဏ္ဍာနှစ်တွင် လူမှုရေးပင်စင်ထောက်ပံ့ရေးအတွက် စာရင်းကောက်ယူရာတွင် သိရှိလိုက်နာရမည့်အချက်များကို တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်သူဇာအောင်က ဆွေးနွေးတင်ပြသည်။ တင်ပြချက်များအပေါ် တက်ရောက်လာကြသူများက သိရှိလိုသည်များအားမေးမြန်းခဲ့ရာ လုမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မေဝတီ (ပုသိမ်ကြီး)